Retail Stock

ဆိုင်စာရင်း၊ အရောင်းနှင့် အကြွေးကို ဖုန်းတစ်လုံးတည်းနဲ့ Shop inventory, sales & credit - built for Myanmar shops

နောက်ဆုံးဗားရှင်း v1.0.8
ဒေါင်းလုဒ် လုပ်ရန် Android ဖုန်းနှင့် Windows ကွန်ပျူတာအတွက်

ဒေါင်းလုဒ်

ဖိုင်တွေကို ကိုယ်ပိုင် server မှာ တင်ထားပြီး link က တိုက်ရိုက် ဒေါင်းပါသည်။ Downloads are served straight from our own server - no third-party mirror.

ဘာတွေ လုပ်ပေးလဲ

ဆိုင်တစ်ဆိုင်ရဲ့ နေ့စဉ်အလုပ် အားလုံး တစ်နေရာတည်းမှာ။

  • ကုန်ပစ္စည်း စာရင်း

    Barcode, ဓာတ်ပုံ, အမျိုးအစား, ကုန်ဆုံးရက်။ ကုန်နည်းရင် သတိပေးပြီး စာရင်းရှင်း (stock take) လည်း လုပ်နိုင်သည်။

  • အရောင်းနှင့် ပြေစာ

    လျှော့စျေး၊ လက်ကားစျေး၊ ပြန်အမ်းငွေ။ ပြေစာကို ပရင့်ထုတ် (သို့) PDF ပို့နိုင်ပြီး ငွေလက်ခံပုံ (ငွေသား၊ KBZPay, Wave) ကိုပါ မှတ်သည်။

  • အကြွေး စီမံခန့်ခွဲ

    ဖောက်သည် အကြွေးနှင့် ပေးသွင်းသူ အကြွေး၊ ပေးချေမှု မှတ်တမ်းအပြည့်။ ကြွေးကျန်ကို ၀-၃၀ / ၃၁-၆၀ / ၆၀+ ရက် ခွဲပြလို့ ဘယ်သူ့ကို အရင်တောင်းရမလဲ မြင်ရသည်။

  • အင်တာနက် မလိုဘဲ

    Signal မရှိလည်း ဆက်ရောင်းနိုင်သည်။ လိုင်းပြန်ရတာနဲ့ ရောင်းထားသမျှ အလိုအလျောက် sync ဖြစ်ပြီး တစ်ခါရောင်းတာ နှစ်ခါ မဖြစ်ပါ။

  • အစီရင်ခံစာ

    နေ့စဉ်/ကာလအလိုက် အရောင်း၊ အမြတ်၊ အသုံးစရိတ်။ နေ့ပိတ်တဲ့အခါ လက်ကျန်ငွေနဲ့ စာရင်းကို တိုက်ဆိုင် စစ်နိုင်သည်။

  • ဝန်ထမ်း စီမံခန့်ခွဲ

    ဝန်ထမ်းဖိတ်ခေါ်ပြီး ရာထူးအလိုက် ဘာဖွင့်ခွင့်ရှိလဲ သတ်မှတ်ပါ။ ဘယ်သူ ဘာလုပ်သွားလဲ မှတ်တမ်းမှာ အကုန်ပေါ်သည်။

ဖန်သားပြင် ပုံများ

ဘေးတိုက် ဆွဲကြည့်ပါ။Swipe to see more.

ဒက်ရှ်ဘုတ် - ဒီနေ့ အရောင်း၊ အမြတ်၊ ကြွေးကျန်
ဒက်ရှ်ဘုတ် - ဒီနေ့ အရောင်း၊ အမြတ်၊ ကြွေးကျန်
ကုန်ပစ္စည်း စာရင်း
ကုန်ပစ္စည်း စာရင်းနှင့် လက်ကျန်
အရောင်း စခရင်
အရောင်း - လက်ကား/လက်လီ ဈေးနှုန်း
ဖောက်သည် အကြွေး
ဖောက်သည် အကြွေးနှင့် ပေးချေမှု မှတ်တမ်း
အရောင်း အစီရင်ခံစာ
အရောင်း အစီရင်ခံစာ
ဖောက်သည် စာရင်း
ဖောက်သည် စာရင်း

ဘယ်လို install လုပ်ရမလဲ

ပထမဆုံးအကြိမ် တင်တဲ့အခါ ဖုန်း/ကွန်ပျူတာက သတိပေးချက် ပြပါလိမ့်မယ် - ပုံမှန်ပါပဲ။

Android ဖုန်း
  1. အပေါ်က Android ဖုန်း ကတ်ကို နှိပ်ပြီး APK ဖိုင် ဒေါင်းပါ။ ဖိုင်က ၁၀၀ MB ဝန်းကျင် ရှိလို့ Wi-Fi နဲ့ ဒေါင်းတာ အသက်သာဆုံးပါ။
  2. ဒေါင်းပြီးတဲ့ ဖိုင်ကို နှိပ်ဖွင့်ပါ။
  3. "ဤရင်းမြစ်မှ install ခွင့်ပြုမလား" မေးရင် ခွင့်ပြုပါ → Install နှိပ်ပါ။
  4. Play Protect က "စစ်ဆေးမထားသော app" ပြရင် Install anyway ကို နှိပ်ပါ။
App ရှိပြီးသားဆိုရင် ဖျက်စရာမလိုပါ - ဒီဖိုင်နဲ့ တိုက်ရိုက် update လုပ်လိုက်ရုံနဲ့ စာရင်းတွေ အတိုင်း ကျန်နေမှာပါ။
Android asks you to allow installs from this source, and Play Protect may warn about an unverified app. Installing over an existing copy keeps all your data.
Windows ကွန်ပျူတာ
  1. အပေါ်က Windows ကွန်ပျူတာ ကတ်ကို နှိပ်ပြီး installer (.exe) ကို ဒေါင်းပါ။
  2. ဒေါင်းပြီးတဲ့ ဖိုင်ကို နှစ်ချက်နှိပ်ပါ။
  3. "Windows protected your PC" ပေါ်လာရင် More info → Run anyway နှိပ်ပါ။
  4. Next တွေ နှိပ်သွားပြီး install ပြီးတာနဲ့ Start menu ထဲမှာ Retail Stock ပေါ်ပါလိမ့်မယ်။
SmartScreen သတိပေးတာက installer ကို code-signing certificate နဲ့ လက်မှတ်ထိုးမထားလို့ဖြစ်ပြီး ဖိုင်မှာ ပြဿနာရှိလို့ မဟုတ်ပါ။
SmartScreen warns because the installer is not code-signed yet. Click More info, then Run anyway.
iPhone / iPad
  1. iPhone မှာ Safari ကို ဖွင့်ပြီး app.yairmyintmoh.com ကို သွားပါ။
  2. အောက်ခြေက Share ခလုတ် (မြှားပါတဲ့ လေးထောင့်) ကို နှိပ်ပါ။
  3. Add to Home Screen → Add ကို နှိပ်ပါ။
  4. Home Screen ပေါ်က Retail Stock icon ကနေ ဖွင့်ပြီး login ဝင်ပါ။
iPhone ဗားရှင်းက web app ဖြစ်လို့ အင်တာနက် ရှိမှ သုံးလို့ရပါတယ်။ Barcode scan နှင့် Bluetooth printer မပါသေးပါ - receipt ကို ပုံ (သို့) PDF အဖြစ် share နိုင်ပါတယ်။
iPhone uses the web app: open it in Safari, then Share → Add to Home Screen. Needs internet; no barcode scanning or Bluetooth printing yet.

အကူအညီ လိုပါသလား

Install မရဘူး၊ ဘယ်လိုသုံးရမလဲ မသိဘူးဆိုရင် တိုက်ရိုက် ဆက်သွယ်လို့ရပါတယ်။